跳到主要內容區塊

၁။ ၂၀၂၂ခုနှစ် ပညာသင်နှစ်အတွက် နိုင်ငံရပ်ခြားလူငယ် Associate Degree အတန်း၏ အွန်လိုင်းဝင်ခွင့်လျှောက်ထားရန်

facebook line twitter 列印
node name:海外青年技術訓練班二年制副學士學位班(海青學位班)
上架日:2022/04/22
發佈時間:2022/04/22
點閱數:424
2022/05/04

၂။ ဘာသာစကားအမျိုးမျိုးဖြင့် ဖော်ပြထားသော နိုင်ငံရပ်ခြားလူငယ် Associate Degree အတန်း၏ အွန်လိုင်းဝင်ခွင့်လျှောက်ထားရန်

中文 英文 English
越南文 Tiếng Việt 印尼文 bahasa Indonesia
泰文 ไทย
緬甸文 မြန်မာ

၂၀၂၂ခုနှစ် ပညာသင်နှစ်အတွက် နိုင်ငံရပ်ခြားလူငယ်သက်မွေးပညာလေ့ကျင့်ရေးသင်တန်း၏ Associate Degree အတန်းနှင့် သက်ဆိုင်သောသတိထားရမည့်အချက်အလက်များ

၁။ မြန်မာနိုင်ငံရှိ တရုတ်ကျောင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသရှိ တရားဝင်မှတ်ပုံမတင်ထားသော တရုတ်ကျောင်းများ၏ အထက်တန်းပြီးဆုံးထားသော ကျောင်းသားများ နိုင်ငံရပ်ခြား ဘာသာရပ်ဆိုင်ရာစာမေးပွဲများကို ဖြေဆိုရမည်ဖြစ်သည်။ စစ်‌ဆေးမှုရလဒ်အရ ထိုင်ဝမ်နိုင်ငံပြည်တွင်းရှိ အထက်တန်းအောင်မြင်ထားသည့် အရည်အချင်းများနှင့် ညီမျှသောအရည်အချင်းကို ရရှိမည်ဖြစ်သည်။ သို့မှသာလျှင် ထိုင်ဝမ်နိုင်ငံရှိ “၂၀၂၂ခုနှစ် ပညာသင်နှစ်အတွက် နိုင်ငံရပ်ခြားလူငယ်သက်မွေးပညာလေ့ကျင့်ရေးသင်တန်း၏ နှစ်နှစ်တာစနစ်ဖြစ်သော Associate Degree အတန်း” အတွက် လျှောက်လွှာတင်သွင်းနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသရှိ တရားဝင်မှတ်ပုံတင်ထားသော တရုတ်ကျောင်းများ၏ အထက်တန်းပြီးဆုံးထားသော ကျောင်းသားများသည် ဘာသာရပ်ဆိုင်ရာစာမေးပွဲများကို ဖြေဆိုရန်မလိုအပ်ပဲ ဤအတန်းကို တိုက်ရိုက် စာရင်းပေးသွင်းနိုင်သည်။

၂။ ယခုနှစ်သည် ကပ်ရောဂါအကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတို့တွင် ဘာသာရပ်စစ်ဆေးမှုများကို မလုပ်ဆောင်နိုင်ပါ။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဆောင်ရွက်မှုအစီအစဥ်များကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

(၁) မြန်မာနိုင်ငံ - ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂ခုနှစ် မတ်လ (၁၈)ရက်နေ့ Tai Jiao Wen (5) ၏ အမှတ် 1110024770 စာ နှင့် တစ်နှစ်တည်းဖြစ်သော (၉)ရက်နေ့ပါ အမှတ် 1110022793 စာပါအတိုင်း မြန်မာနိုင်ငံတွင် ဒုတိယနှစ်နှင့် နိုင်ငံတကာအထက်တန်းကျောင်းမှ ကျောင်းပြီးထားသူများသည် ၂၀၂၂ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းဝင်ခွင့်ကော်မတီ၏ ကျင့်ထုံးများအရ ထိုင်ဝမ်နိုင်ငံပြည်တွင်းရှိ တက္ကသိုလ်များကို စစ်ဆေးမှုဖြေဆိုရန် မလိုဘဲ လျှောက်ထားနိုင်သည်။ ဤကော်မတီသည် “၂၀၂၂ခုနှစ် ပညာသင်နှစ်အတွက် နိုင်ငံရပ်ခြားလူငယ်သက်မွေးပညာလေ့ကျင့်ရေးသင်တန်း၏ နှစ်နှစ်တာစနစ်ဖြစ်သော Associate Degree အတန်း’ ကို အလားတူနည်းလမ်းဖြင့် အထက်ဖော်ပြပါ အရည်အချင်းပြည့်မီသူများကို နိုင်ငံရပ်ခြားရှိ တရုတ်ကျောင်းသားများ၏ လျှောက်လွှာအတိုင်း လက်ခံပါသည်။

(၂) ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ - ယခုနှစ် ကပ်ရောဂါပြင်းထန်မှုကို ထည့်သွင်းစဥ်းစားကာ ပြည်တွင်း၌ ဘာသာရပ်ဆိုင်ရာ စစ်ဆေးမှုများကို မကျင်းပနိုင်ပါ။ ထိုင်ဝမ်နိုင်ငံတွင် ဒေသခံကျောင်းသားများ လာရောက်ပညာဆည်းပူးရန်အတွက် ဒေသတွင်းရှိ တရားဝင်မှတ်ပုံတင်ထားသော တရုတ်အထက်တန်း‌ကျောင်းပြီးဆုံးထားသူများနှင့် ဤအထွေထွေအတန်းကို (စာမေးပွဲဖြေဆိုရန်မလို)သော ဝင်ခွင့်အရည်အချင်းနှင့်ကိုက်ညီသော ကျောင်းသားများ လျှောက်ထားနိုင်သည်။

    ရုပ်ပုံ 1 - နိုင်ငံရပ်ခြားလူငယ်သက်မွေးပညာသင်တန်းကျောင်းအကျဥ်း 1
    ရုပ်ပုံ 2 - နိုင်ငံရပ်ခြားလူငယ်သက်မွေးပညာသင်တန်းကျောင်းအကျဥ်း 2
    ရုပ်ပုံ 3 - နိုင်ငံရပ်ခြားလူငယ်သက်မွေးပညာသင်တန်းကျောင်းကို လျှောက်ရန် လိုအပ်ချက်များ
    ရုပ်ပုံ 4 - နိုင်ငံရပ်ခြားလူငယ်သက်မွေးပညာသင်တန်းကျောင်းမှ ဖွင့်လှစ်ထားသောဘာသာရပ်များ
    ရုပ်ပုံ 5 - နိုင်ငံရပ်ခြားလူငယ်သက်မွေးပညာသင်တန်းကျောင်း၏ အားသာချက်များနှင့် ထူးခြားချက်များ
    ရုပ်ပုံ 6 - နိုင်ငံရပ်ခြားလူငယ်သက်မွေးပညာသင်တန်းကျောင်း၏ သင်တန်းကြေးနှင့် ထောက်ပံကြေး
    ၃။ ကျောင်းအမည်များ

回上一頁 ↑top